အိမ်လွမ်းသူ - ၀ိုင်ဝိုင်း
အချိန်မှန်ရထားကြီးပြေးထွက်ခဲ့ အဆုံးမဲ့ မီးလျှံထဲ
ပြန်လမ်းမရှိတော့တဲ့ ဘ၀သစ်ထဲ ပျော်ဝင်ဖြတ်သန်း စီးဆင်းဆဲ
ခိုလှုံရာအရိပ်နဲ့ လမ်းခွဲထွက် ဒါဘ၀ရဲ့ ခရီးတွေပဲ
ရင်မှာမောပန်းရင်းနဲ့ ဝေးလွင့်ရင်း ငါဟာ အိမ်ကိုလွမ်းနေသူ...
ငါအိပ်မက်ထဲထိလွမ်းဆဲ ဘယ်တော့မှ မရောက်နိုင်ခဲ့
အဖြူရောင်ခြယ်တဲ့ နှလုံးသားများ ဘယ်မှာရှာလို့တွေ့လိမ့်မလဲ
ဒီပင်လယ်ကြီးရဲ့ ဟိုးတစ်ဖက်ကမ်း ငါလှမ်းရင်းမှန်းမျှော်ဆဲ
ဒီရင်ကိုချည်သော ကြိုးတင်းခဲ ငါအိမ်ပြန်ရန်မဖြစ်နိုင်သူ
ကြေကွဲခြင်းနဲ့ ငိုရှိုက်ခဲ့ညတွေ ဘယ်သူသိနိုင်မလဲ
ကြည်လင်ဖြူစင်နေသော ကောင်းကင်မှာ
ကြယ်ရောင်လင်းလက်တောက်ပဆဲ
အရောင်ပြောင်းလဲတဲ့ တိမ်တိုက်တွေ
သယ်ဆောင်ရာခရီးဆက်ဆဲ
အိပ်မပျော်တဲ့ညတိုင်း အတွေးများလည်း
အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ...
ဒါဏ်ရာနဲ့ ရထားကြီးပြေးထွက် အဆုံးမဲ့ မီးလျှံထဲ
ဒီပြန်မဆုံနိုင်တဲ့အသိက ရင်ကို အချိန်မှန် လှုပ်ခတ်နှိုး
ငါအိပ်မက်ထဲထိလွမ်းဆဲ ဘယ်တော့မှ မရောက်နိုင်ခဲ့
မောပန်းခြင်းနဲ့ ၀ဲလည်ရင်း ငါအိမ်ပြန်မရောက်နိုင်သူ
Labels: Classic, Country, YWyne
အလှကမ္ဘာမြေ
မင်းကြောင့် - No!
ငါ့နှလုံးသားဟာ နင်နဲ့တွေ့မှ လန့်နိုးလို့ကာ
အချစ်အကြောင်းသိခဲ့တာပါ
ရင်နဲ့မဆန့်အောင် ချစ်ခြင်းများစွာ
အလွန်အမြောက်ဖြစ်လာ အံ့သြထူးဆန်းစရာပါ
ချစ်တတ်ခဲ့မိတာ အဆိပ်တတ်သလိုပါပဲလား..
အမက်ဆုံးဟာ မျှော်လင့်ချက်ပါ နင်ပေးတဲ့အရာ
အိပ်မက်သစ်တစ်ခု ငါပါ
ပြန်စဉ်းစားရင် ငါနဲ့မင်းဟာ ဟိုရှေ့ဘ၀က
ငါနဲ့ ဖူးစာရှင်လား
ချစ်တတ်ခဲ့မိတာ အဆိပ်တတ်သလိုပါပဲလား..
မင်းကြောင့် မင်းကြောင့်ပါ အရမ်းလည်း ချစ်တတ်ပြီ
မင်းကြောင့် မင်းကြောင့်ပါနော် လွမ်းလည်းလွမ်းတတ်ပါပြီ
ရင်ခုန်သံတွေ သိပ်မြန် ကြင်နာပါတော့ကွယ်
အသည်းနှလုံး လှိုက်လို့ခုန်တော့ အားလုံး မင်းကြောင့်ကွယ်
မင်းကြောင့်ပဲ ငါ့မှာ အရှုပ်တွေဖြစ်
ရင်မှာလည်း မင်းကြောင့်ပဲနောက်ထပ် ဆွေးကျန်ရစ်
အချစ်တစ်ခုကို အစပြုခဲ့ နှလုံးသားနဲ့
မျှော်လင့်ချက်တွေ ပြည့်နှပ်ခဲ့ အိပ်မက်ထဲ
ရင်ခုန်သံတွေကို မမြင်နိုင်
မင်းပေးတဲ့ အဆိပ်တို့ကို တပ်မက်စွာရင်ဆိုင်
ချစ်တတ်တာ လွမ်းခဲ့တာ အားလုံးဟာ မင်းကြောင့်
မင်းမရှိရင် ရူးရမှာ တွေးပြီးငါသိပ်ကြောက်
ချစ်တတ်ခဲ့မိတာ အဆိပ်တတ်သလိုပါပဲလား..
Labels: Classic, No, Pop, Rap, Remix
ရွှေမန်းသူလေး - Examplez
ဒီတစ်ပုဒ်က သီချင်းလေးကြိုက်လို့ တင်လိုက်တာပါ။ Rapping ကတော့ အဲလောက်ကောင်းတယ်လို့ ပြောလို့မရဘူးပေါ့။ အဲ့ဒါကထား ကျွန်တော် အဲ့ဒီ့ မန္တလေးသူတွေ အကြောင်းပြောချင်လို့။ မန္တလေးသူတွေ ချောတယ်လေး ဘာလေးနဲ့ သီချင်းတွေများနည်းတာမဟုတ်။ ကျွန်တော်ကတော့ တစ်ခါမှ မတွေ့ဖူးဘူးဗျာ။ ဖောများနေသလားလို့။ မန္တလေးသူ မန္တလေးသားတွေ ပြောပြကြပါဦးဗျာ။ သိချင်လို့ပါ။
မင်းကလေးကပဲလှသလား မန္တလေးဈေးချိုနား
မန္တလေးကျုံးရဲ့ရေ စီးဆင်းအေးသလိုပဲ
အသည်းထဲမှာ စီးဝင်လာသူလေးရေ
တို့ကပဲ နှလုံးသားနုလို့လား
အားလပ်ရက် ခရီးသွားတစ်ယောက်ရဲ့ နေ့လေး
အေးချမ်းသွားပေါ့ကွယ်
အဖြစ်အပျက်သစ် ထူးဆန်းတာတွေဖြစ်
ရင်ခုန်သံတွေရပ်တန့်ကာ အသက်ရှူဖို့ကိုမေ့နေပြီ
ပြုံးပြတော့ဟော ဟိုးရှေ့မှာတွေ့မိပြီ လှလိုက်တာ
ဒါကြောင့်လည်း ကာလသားတွေဝိုင်းကြိုက်တာ
ငါ့ကို ရန်ကုန်သားမို့ မယုံရဲတာမဖြစ်ပါနဲ့
စတွေ့ခဲ့ စက်ဘီးနဲ့ မေ့မရငါချစ်တာလဲ
ကြိုက်တော့လဲမရှက်တော့ဘူး မျက်တောင်လဲမခတ်တော့ဘူး
ရွှေမန်းသူလေး ဘီးကလေးစီး စီးလို့နင်းကာသွား
မြင်မြင်သူ အသည်းမှာ ဆွဲလို့မူး အသည်းလေးထိန်းလို့ မရတော့ဘူး
ရွှေမန်းသူလေး ဘီးကလေးစီး စီးလို့နင်းကာသွား
မြင်မြင်သူ အသည်းမှာ ဆွဲလို့မူး အသည်းလေးထိန်းလို့ မလွယ်တော့ဘူး
မင်းကလေးကပဲ လှလွန်း ဖမ်းစားငြှို့နိုင်လွန်း
သက်ရှိသက်မဲ့အဆုံး ဖမ်းစားတော့မလို့လား
မန္တလေးရဲ့ဈေးချိုနာရီကြီးတောင် လှမ်းလို့ကြိုက်လိုက်သလား
တဒိတ်ဒိတ်နဲ့ တို့ရင်ထဲ စိုးမိုးသွားပေါ့ကွယ်
ရွှေမန်းသူလေး မင်းလေးရဲ့ အချစ်ရဲ့ရိပ်ကိုတိုး
အကြင်နာတွေ မန်းတောင်ရိပ်ထက်မိုး အသက်ထပ်ဆုံး စိုးမိုးထားဦးမလား
ရွှေမန်းသူလေး မင်းလေးရဲ့ အချစ်ရဲ့ရိပ်ကိုတိုး
အကြင်နာတွေ မန်းတောင်ရိပ်ထက်မိုး(အသည်းမှာစွဲလို့မူး) အသက်ထပ်ဆုံး စိုးမိုးနေပါဦး
ဈေးချိုဘက် ရောက်ခဲ့ပြန်တယ် ဘိလပ်ရည်လည်း သောက်ခဲ့ပြန်တယ်
နောက်ကလိုက် ငန်းလွန်းလို့ စက်ဘီးကြီးလည်း မှောက်ခဲ့ပြန်တယ်
သူလေး လမ်းလျှောက်တဲ့ ဟန်ရွယ် နှိုင်းပြဖို့ စကားလုံးမရှိပဲ
သူ့နောက် လျှောက်လိုက်ရင်းနဲ့ ပြန်တဲ့ လမ်းလည်း ပျောက်ခဲ့ပြန်တယ်
ရင်မှာလွမ်းဆွေး အကြင်နာအနမ်းလေး မန္တလာသူတွေ ကြည့်လို့ငေး
လှလိုက်တာ အိုချောလိုက်တာ ညိုချောလေးမို့ ချစ်မိတာ
ရင်ခုန်သံတွေ မြန်နေပါတယ် မန္တလေးမှာ
မန္တလာသူရေ အလှမ်းမဝေးပါ
ကြင်နာချင်တယ် ပြောပြမယ် သိပ်ချစ်လို့
ချစ်မိတာ အပြစ်ရှိရင် ခုန်ချမယ် ကျူံးထဲသို့
Labels: Classic, Examplez, Pop, Rap, Remix