မင်းကြောင့် - No!



ငါ့နှလုံးသားဟာ နင်နဲ့တွေ့မှ လန့်နိုးလို့ကာ
အချစ်အကြောင်းသိခဲ့တာပါ
ရင်နဲ့မဆန့်အောင် ချစ်ခြင်းများစွာ
အလွန်အမြောက်ဖြစ်လာ အံ့သြထူးဆန်းစရာပါ
ချစ်တတ်ခဲ့မိတာ အဆိပ်တတ်သလိုပါပဲလား..

အမက်ဆုံးဟာ မျှော်လင့်ချက်ပါ နင်ပေးတဲ့အရာ
အိပ်မက်သစ်တစ်ခု ငါပါ
ပြန်စဉ်းစားရင် ငါနဲ့မင်းဟာ ဟိုရှေ့ဘ၀က
ငါနဲ့ ဖူးစာရှင်လား
ချစ်တတ်ခဲ့မိတာ အဆိပ်တတ်သလိုပါပဲလား..

မင်းကြောင့် မင်းကြောင့်ပါ အရမ်းလည်း ချစ်တတ်ပြီ
မင်းကြောင့် မင်းကြောင့်ပါနော် လွမ်းလည်းလွမ်းတတ်ပါပြီ
ရင်ခုန်သံတွေ သိပ်မြန် ကြင်နာပါတော့ကွယ်
အသည်းနှလုံး လှိုက်လို့ခုန်တော့ အားလုံး မင်းကြောင့်ကွယ်

မင်းကြောင့်ပဲ ငါ့မှာ အရှုပ်တွေဖြစ်
ရင်မှာလည်း မင်းကြောင့်ပဲနောက်ထပ် ဆွေးကျန်ရစ်
အချစ်တစ်ခုကို အစပြုခဲ့ နှလုံးသားနဲ့
မျှော်လင့်ချက်တွေ ပြည့်နှပ်ခဲ့ အိပ်မက်ထဲ
ရင်ခုန်သံတွေကို မမြင်နိုင်
မင်းပေးတဲ့ အဆိပ်တို့ကို တပ်မက်စွာရင်ဆိုင်
ချစ်တတ်တာ လွမ်းခဲ့တာ အားလုံးဟာ မင်းကြောင့်
မင်းမရှိရင် ရူးရမှာ တွေးပြီးငါသိပ်ကြောက်

ချစ်တတ်ခဲ့မိတာ အဆိပ်တတ်သလိုပါပဲလား..

Labels: , , , ,

Post a Comment