ပဲ့ကိုင်ရှင် - ဇော်ဝင်းထွဋ်၊ အီတိုး



အရောင်တွေပြောင်းလဲ ပုံရိပ်မဲ့ဓါးသွားထက်ဝယ်
ဒီရင်ကိုဖြိုခွဲ လက်ညှိုးပေါင်းများစွာရယ် ထိုးနှက်
အဖေ့ရဲ့ ဂရုဏာဒေါသ ကြင်နာမှုအပြည့်နဲ့ စကားတွေ
လှုပ်နှိုးမှုပဲ့တင်သံ ကိုယ့်နားထဲ ကြားယောင်ဆဲ

စိတ်မိုက်ကိုရွက်လွှင့် မာနနဲ့ လှော်ခတ်ရင်း
မုန်တိုင်းတွေရဲ့ကြား အမှားများ
ရှေ့ဆက်မမှားရအောင် ပဲ့ကိုင်ပေးသူ
ကြီးမားတဲ့ အကြင်နာအားတို့ရဲ့
ရိုက်ခတ်သံများ ဒီလောကမြေပြင်တစ်ခုလုံး
မယုံနိုင်အောင် တုန်ဟီးသွား

Labels: , ,

Post a Comment