ကျွန်တော်ချစ်သော မမ သို့ - ရသ (feat. ရဲလေး)



ပြက္ခဒိန်တွေလည်း အားလုံး ပြီးခဲ့တာ ပြီးခဲ့ပေမယ့်
မ မသိခဲ့လေတဲ့ အကြောင်းအရာတွေ ရှိမြဲနေဆဲ
အဲ့ဒီ့အချိန်ကတော့ မီးနဲ့ရေပဲ
မ ကမကြည့်နဲ့ သေမယ်လို့ ပြောရင် ကျွန်တော့ရင်ထဲမှာ ချိနဲ့ရင်နဲ့နေခဲ့
ခေါင်းတွေကို ငုံ့ပေးကြည့်လိုက်ပါကွယ် မ ခေါင်းပေါ်က နှင်းဆီပန်းတစ်ပွင့်ကို
အခု အုံ့မွှေးပြီး အခိုက်မှာပဲ အချစ်ဆိုတာ ရင်ဘတ်ထဲဝင် ရှုတ်ထွေးအသိမိုက်စွာနဲ့
ကလေးတစ်ယောက်လို မုန့်ကျွေးပြီး မကြိုက်ပါနဲ့
ကျုပ်ပြေးပြီးရိုက်မှာပဲ မ ဆီကို ဘယ်ယောက်ျားမှ ကပ်မလာနဲ့
ခက်တာပဲ မ မျက်နှာမဲ့အောင် ဘယ်တော့မှမလုပ်ဘူး
မဖြတ်ပါနဲ့ သံယောဇဉ် ဆက်ကာစွဲ ချစ်တယ်လို့ပြောဖို့ မရှက်ပါနဲ့
ကြားချင်လို့ပါ တစ်သက်တစ်ခါကွယ်
ဖတ်ပါကွယ် ကျွန်တော်ရေးထားခဲ့တဲ့ Diary ညညဆို
ကျွန်တော်ချစ်သော မမ သို့
ပန်းနုရောင်စာအုပ်လေးပေါ် ခဏခဏကို
သော့ခတ်ပြီး သိမ်းထားဆဲပါ ငါ့ဘ၀လို မရမကကို
ဒီသီချင်းနဲ့ပြောပြခဲ့မယ် ကျွန်တော့် တစ်ချိန်က မမသို့

ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်

ငါနဲ့ ဝေးရတဲ့ နေ့ရက်များပဲ နာကျင်စွာ တွေဝေကြေကွဲ
ကစားနည်းလေးပြောင်းလည်းသွားခဲ့ မ အချစ်ကိုစောင့်နေမိခဲ့
အကြင်နာတွေလိုချင်နေချိန်မှာ သန်းခေါင်ယံကျော်ငိုနေချိန်မှာ
မပြောဖြစ်လို့နာကျင်နေတာ ချစ်ခဲ့တဲ့စိတ်က ပိုင်ဆိုင်ချင်တာ

မ စိတ်နဲ့သွား မ စိတ်နဲ့စား မ ရဲ့စိတ်နဲ့ အိပ်ရာထ
မ ရဲ့ရင်ခွင်ထဲ အို ဘယ်သူများရှိခဲ့လဲ
အခုညလိုမျိုး အိပ်လို့မရနိုင်လို့ အိပ်ရာထဲက အော်လို့ငါ
မရဲ့ နာမည်ကို ကျွန်တော်ခေါ်နေတာ မ က မကြားနိုင်လို့

ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်

အခုမရှိတော့တဲ့ အနမ်းလွမ်းပြီး ကျွန်တော့်အခန်းထဲ လှမ်းကြည့်
မ ပေးခဲ့တဲ့ ဓါတ်ပုံမှန်းပြီး မေ့ဖို့ရန် လမ်းမရှိ
လက်ကမ်းပြီးကြိုနေခဲ့ ဒီသီချင်းကို ဆိုနေမယ် မ အတွက်
ဒါအတွက် ပိုပြီးတော့ အဓိပ္ပါယ်ရှိအောင် အမုန်းတွေ ခဏရပ်

မဘယ်လောက်ပဲ ပျက်ရယ်ပြုခဲ့ ငါ့တစ်ယောက်ပဲ ဖက်တွယ်ဖူးခဲ့
ဖြစ်နိုင်ရင် အရင်ရည်းစားနဲ့ လာမနှိုင်းပါနဲ့
လာခိုင်းတာ အိမ်ကို တစ်ခါမှ ကျေကျေနပ်နပ် ဖိတ်ခေါ်ဖူးလား
ကျွန်တော့်ကိုရော သိပ်ပျော်ဖူးလား မေးကြည့်ဖူးလား တွေးမကြည့်ဖူးလား
မ ချစ်သူ ဘယ်လိုနှိပ်စက်ခဲ့ မေ့ပစ်လိုက်
ဟိုအတိတ်ရက်အတွက် ပျော်အောင်ထားမယ် စိတ်ကူးလေးနဲ့
ကျွန်တော်ချစ်တဲ့ မ ရင်ခွင်ထဲ မအိပ်ဖူးသေးဘဲ
နေ့စဉ်ရက်ဆက်တွေထဲ မ ကရှောင်ပြေးမှာ
မ အတွက်ကြောင့်နောက်ဆုံးတော့လည်း ဒုက္ခရောက်မှာ ကောင်ကလေးပါ...

ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်

Labels: , , , , ,

ကျွန်တော်နဲ့မ - ရသ (feat. ရဲလေး)



ညနေခင်းလေးတစ်ခုမှာ တွေ့ခဲ့အချစ်တွေရင်ခုန်သွား
မ ရဲ့မျက်နှာဝန်းများက ကျွန်တော့်ကိုရူးအောင်ဖမ်းစား
လွမ်းသွားအောင် နေ့ရက်များစွာ မ ကိုပဲတမ်းတ
မ ရဲ့ အပြုံးဟာ စိုးမိုးထား အမြဲပဲ ကျွန်တော့်ရဲ့နေ့ရက်ည
အိပ်လို့မရ အတွေးများထဲမှာက မ ပုံရိပ်များ
တောင့်တတာ မ တစ်ယောက်ထဲကိုပဲ
ကျွန်တော်ချစ်နေပေမယ့်လည်း မ ကမသိခဲ့ ဒီအဖြစ်အပျက်
ကျွန်တော့်မှာ ရင်တွေကွဲ မလှအောင်ပဲ ချစ်နေမိခဲ့
မ ရဲ့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဟာ ကျွန်တော့်ရဲ့အသည်းမှာစွဲ
သိပ်ချစ်မိနေတာကိုပဲ ဘယ်လိုဖွင့်ပြောရမှာလဲ
လူတွေကပြောကြ မင်းသူ့ကိုမချစ်ပါနဲ့
မင်းချစ်မိရင်မှားမယ်တဲ့ ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ
ကျွန်တော်သိပ်ချစ်တဲ့ မ ကိုပဲ သူတို့တွေက အပြစ်တွေဖွဲ့
မြတ်နိုးစွာနဲ့ ချစ်မိခဲ့ နောက်ဆုတ်ဖို့တော့မဖြစ်နိုင်ခဲ့
ဝေးနေလည်း မျှော်လင့်ခဲ့တဲ့ အချစ်နဲ့ ဝေးနေလည်း
တစ်နေ့နေ့မှာတော့ မ ကိုချစ်တဲ့အကြောင်းဖွင့်ပြောမယ်

ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်

အချိန်တွေရှိတိုင်းလည်း မ ရဲ့ အနားမှာပဲ
အတူထိုင်နေပေမယ့် စကားလေးတွေ ပြောဖို့ခက်ခဲ
စိုးရိမ်တဲ့ စိတ်တွေ ကျုပ်ရင်ထဲမှာရှိနေလို့
မ စိတ်ဆိုးသွားမှာကို သိပ်ပြီးကြောက်နေခဲ့မိလို့
မ ရှေ့ကိုရောက်ရင်ပဲ ပြောဖို့စကားတွေပျောက်နေခဲ့
အကြိမ်ကြိမ်သာနောက်ဆုတ်ခဲ့ မျိုသိပ်ဆဲဒါပေမယ့်
အချိန်တွေလည်းကုန်နေပြီး နောက်ကျမှာကိုသိပ်ကြောက်မိ
ရင်ထဲက စကားလေးတွေအတွက် စာလေးတွေကိုခိုးပေးမိ
အဲဒီ့အတွက်ရရှိခဲ့ ထူးဆန်းလွန်းတဲ့ အကြည့်တစ်ချက်
ဆူးရှရှ အချစ်တို့နဲ့ ရင်ခွင်မှာလှိုင်းခတ်ခဲ့
ပြောင်းလဲခြင်းတရားများ ကျွန်တော်လေ မေ့ပစ်ချင်ခဲ့
ကျွန်တော့်ရဲ့အချစ်အတွက် သက်ရောက်မှုကဘယ်လိုလဲ
တွေးနေဆဲပါပဲ ကျွန်တော့်ရဲ့ စိတ်ကအမြဲ
မ ရဲ့ရင်ထဲမှာကော ဘယ်လိုရှိနေမှာလဲ
အရိုးရှင်းဆုံး စကားလေးတစ်ခွန်းပဲ အထပ်ထပ်ပြောမိခဲ့
မ ရယ် ကျွန်တော့်ကို ပြန်ချစ်ပါကွယ်

ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်

အချစ်အိပ်မက်တဲ့ နေ့တစ်ရက်မှာ မျှော်လင့်ချက်ဟာ ပြည့်ဝခဲ့
တောင့်တခဲ့ အချစ်တစ်ခု ရရှိခဲ့ ကျွန်တော့်အတွက်
မ ရဲ့အချစ်နဲ့ ဘ၀တစ်ခုဟာ လှပလို့
စွဲလမ်းမှုအမြဲတမ်းမို့ အသဲကျွမ်းအောင်ချစ်မိလို့
ရင်ဆိုင်မယ် အနာဂတ်ထဲ ချစ်သူလက်ကိုတွဲရင်းနဲ့
အားပေးမယ့်ချစ်သူက မင်းအနားမှာရှိနေခဲ့
အချစ်စစ်ရဲ့ ခရီးက ဖြောင့်ဖြူးခြင်းမရှိပေမယ့်
အမှောင်ဆုံးသောလမ်းတွေ ဖြစ်ပါစေ
တို့နှစ်ယောက် အတူတူထိုးခက်မယ်
ဟာတာတာ လိုအပ်ချက်တွေ အားလုံးအဝေးကိုသွားလိုက်တော့
အမြဲရှင်မယ် မ ရဲ့ အချစ်နဲ့ အားလုံးပြည့်စုံနေပြီပေါ့
ကမ္ဘာမြေတဆုံး လိုက်ရှာကြည့်ပါဦး
မ လိုချစ်သူဆိုတာဘယ်မှာရှိမှာတုန်း
အားနည်းချက်တွေကိုလည်း ခွင့်လွှတ်နားလည်ပေး
တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ မမုန်းကြေး

ကမ္ဘာမြေထက်မိုးသားထဲ ကြယ်စင်များလင်းလက်ဆဲပဲ
မှောင်မိုက်ခြင်းတွေကို ဖောက်ခွဲ ဒီကမ္ဘာအား အလင်းပေးသလိုပဲ
အကြင်နာဆုံး မ ရဲ့အချစ်နဲ့ ရင်မှာအမြဲ နွေးထွေးသွားခဲ့
အားလုံးကိုရင်ဆိုင်ခဲ့မိ ကိုယ်အချစ်ဆုံး မ ရှိရင်ကွယ်

Labels: , , ,

တစ်ခါတုန်းက - ရသ feat. Jenny

SPoT-ers

SPoT FM




ရသရဲ့ အသည်းကွဲသီချင်းတွေကို ကြားဖူးကြမှာပါ။ ဒီတစ်ပုဒ်ကတော့ အခုနောက်ပိုင်းထွက်တဲ့ 9 Night အခွေထဲက အချစ်သီချင်းနှစ်ပုဒ်ထဲက တစ်ပုဒ်ပါ။ စာသားတွေ နဲ့ Rhythm တွေတော်တော်ကောင်းအောင် ရေးထားတာကို ကြိုက်မိလို့ ပရိသတ်အပေါင်းတို့ နားသောတဆင်နိုင်ရန်တင်လိုက်ပါတယ်။ စာသားရဲ့ တစ်ချို့နေရာလေးတွေမှာ လွဲနေခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အမှန်သိလည်း ပြင်ပေးကြပါဦးဗျာ။




MELODY: ပြန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ
ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း
လွယ်လွယ်နဲ့မေ့ဖို့မလွယ်လို့ မမေ့ခဲ့ အခုချိန်လို
ငိုချတိုင်း တိမ်တွေလိုကြွေပြီ မျက်ရည်မိုး

R1: ဒီလိုမျိုး မိုးအေးအေးလေး အိမ်ထဲမှာငါ
နွေးနွေးထွေးထွေးနဲ့တွေးဆွေးဆဲ အတိတ်က အဝေးမှာဟေ့
ငါ့ဘေးမှာတွေ့ သူ့ passport ပုံသေးသေးလေး ဆေးတွေမှိန်
ခပ်ရေးရေးလေးဝါး အရောင်တွေတောင်ထွက်ပြေးလို့သွား
မေ့လို့မရ အဲ့ဒီ့နေ့တွေ ငါမြင် ကျူရှင်ကအဆင်း မိုးတွေရွာရင်
ထီးတစ်ချောင်းအောက် အတူတူလမ်းတွေလျှောက်ခဲ့
လမ်းမှာ လေကြမ်းတွေကြောင့် ကြွေမနွမ်းတဲ့ ခရေပန်းတွေကောက်
ဇာတ်လမ်းတွေ သူ့နှုတ်ခမ်းနဲ့ချွေခဲ့တဲ့ အနမ်းတွေကြောင့် အချမ်းတွေပျောက်
တိုးဝှေ့နေကြပါ ဒီလိုမိုးရေတွေကြားမှာ အမျိုးတွေတွေ့သွားမလား
တချို့တလေ အဖေကြားမလား စိုးရိမ်တတ်သူ
ငါတို့တွေေ၀၀ါးစွာမက်ခဲ့တဲ့ အိပ်မက်ကလည်း
ကြိုတင်ချေမွှကာ ပျက်ခဲ့တယ် မိုးရေကြားမှာပဲ
တို့တွေကမ္ဘာခြားကာဝေးသွား
ဟိုမှာမင်း ကျန်းမာရေးဂရုစိုက်ဖို့ မှာချင်တယ် မမေ့ပါနဲ့
ရုပ်ရှင်တွေထဲကတိုင်းဆို တော်တော်လေးအေးမှာပဲ
အဖော်တော်တွေတွေ့ကာ ပျော် ပျော်နေမှာ
ဖုန်းဘယ်တော့ခေါ်မလဲလို့မျှော်နေတာ

MELODY:

R2: စာလည်းမကျက်ချင်တော့ငါ
ညဘက်တိုင်းဆက်တိုက်ထပ်မပျက် မကွက် အိပ်မက်တွေမက်ရင်းငါ
ချစ်ခြင်းအိပ်မက်ထဲပတ်ရင်းရှာ
မိုးမိုး မိုးက ရက်နှစ်လတို့ပြောင်းလဲခဲ့ နှုတ်ဆက်ရင်းငါငို
တစ်ခါတုန်းက ငါ့ဘ၀မျှော်လင့်ချက်နဲ့ အသက်သွင်းကာ
လက်ငင်းကမ္ဘာ ပျက်ယွင်းကာပြို
ငါဆိုတဲ့ ဒီသီချင်း မင်းဟိုကနေ နားထောင်နေမလား
ရဲမင်းသိန်းဆိုတဲ့ ချာတိတ် သူ့ရဲ့အသံကိုကြားယောင်နေမှာ
ခဏလောက်ဖြေပါ နီစပ်စပ်အသားရောင်တွေကြား ကိစ္စ များမြောင်နေကာ
ဘာကြောင့်ဟိုမှာ တစ်ခြားကောင်တွေစကား နားယောင်နေမှာလဲ
ဒါကသက်သေကဗျာ စပ်နေဒီမှာ နောက်လှည့်ကြည့်လှည့်
အဲ့ဒီ့ကဗျာစာရွက်တွေ ၀ါဖန့်နေပြီကွာ ဟောင်းခဲ့ပြီပဲ
မခြောက်တဲ့ချက်တွေ အင်တာနက်တွေထိငါ
ငယ်တုန်းက မင်းနာမည်ကို အခါခါရှာဖတ်နေမိတာ အနာဂတ်တွေရှိမှာပဲ
နှုတ်ခမ်းတွေတောင်ပြာ အပြတ်အေးသည့်ည
မိုးတွေကြားလမ်းတွေလျှောက်ကာပတ် အတွေ့အထိကချမ်းနေသလောက်မှာ
အမြန်ပြေးပြီးရှာနှင်းတွေပျောက်
ကမ္ဘာတစ်ဘက်အဝေးကြီးက အလွမ်းတွေကြောင့်
အနာမကျက်သေးသည့်အရာ ဆေးမရှိပါ
မြန်မာပြည်ကနေ မှာဆက်ချွေမိတာ မိုးတွေရွာလျက်ဟေ့ ဒီမှာ

MELODY:

R3: မှန်မှန်ဖြေ အရင်ကဇာတ်လမ်း လွမ်းသလားမေးချင်
ကမ္ဘာတစ်ခြမ်းကွာဝေးဆဲ မင်းရဲ့အလှမှန်းကာတွေးမြင်
တမ်းတဆွေး သီချင်းတွေမဆိုချင်ပဲနဲ့ ဆိုနေရပြီကဲ
အရင်လမ်းမှာတွေ့ရင် မင်းမှတ်မိဦးမလား ငါ့အခန်းတံခါးစေ့ရင်း
ရှိခဲ့တဲ့အတိတ်က ပြီးခဲ့တဲ့ကိစ္စတွေ မသိခဲ့သလိုမျိုးပဲ
အကျိုးမဲ့နေဖို့လည်း မလွယ်လို့ပဲ တကယ့်ကိုပဲမစဲတဲ့မိုးထဲမှာ
ဘယ်လိုလဲမိုးရယ် အငြိုးနဲ့ရွာခဲ့သလိုပဲ တစ်ခါတည်း ငါ့အသည်းကိုခွဲ
သေသွားပြီ ဘာနဲ့သဂြိုဟ်မလဲ..

MELODY:

Labels: , , ,