ကိုယ်တို့နှစ်ယောက်အကြောင်း - Theory (feat. Alex)

မအူမလည် သူငယ်ချင်းလေးတစ်ယောက်ကို မေးကြည့်တယ်.. တကယ်လို့များ ဒီကမ္ဘာမှာ မြန်မာသီချင်းတစ်ပုဒ်ပဲ ရှိသင့်တယ်ဆိုရင် ဘယ်သီချင်းဖြစ်စေချင်လဲလို့..

သူက ရိုးရိုးသားသားလေး ဖြေပါတယ် "ကမ္ဘာမကြေ" တဲ့။
မဟုတ်သေးဘူးလေ.. ရိုးရိုးသီချင်းမျိုးကို ပြောပါဆိုတော့ Theory နဲ့ Alex ရဲ့ ဟိုသီချင်းလေတဲ့။ ကဲ... ကျွန်တော်တို့ ဟိုးအရင်တုန်းက ခဏခဏနားထောင်ဖြစ်ကြတဲ့ ကိုယ်တို့နှစ်ယောက်အကြောင်းဆိုတဲ့ ဒီသီချင်းလေးကို နားထောင်ကြည့်လိုက်ပါဦးဗျာ..



ဟိုတစ်ချိန်က နေ့လေးတစ်ရက်ကို မင်းဘယ်တော့မှ မမေ့တာကိုသိတယ်
မေ့မရတဲ့နေ့လေးတစ်ရက်မှာ မင်းအချစ်ကို ကိုယ်ရခဲ့တယ်
နောက်တစ်နေ့မှာ ကိုယ်ခရီးထွက်သွား မကြာခင်ပြန်လာမယ်ဆိုတယ် မင်းသိပေမယ့်
မင်းရင်ထဲက အလွမ်းတွေကို ကိုယ့်ကိုပြောပြထား
ကိုယ့်ရင်မှာလည်း ဒီအတိုင်းပဲ အချစ်လေးမင်းသိလား

အခုအချိန်မှာ ပြန်စဉ်းစား မင်းနဲ့ကိုယ်နဲ့ ချစ်ခဲ့ကြတဲ့အကြောင်းများ
ပြန်တွေးကြည့်ရင် အိပ်မက်တစ်ခုလို ပျော်စရာလေးများ ဖြစ်ပျက်သွားခဲ့
လက်တွဲမဖြုတ်တမ်း တွဲကာလျှောက်ဆဲ မင်းနဲ့ကိုယ်နဲ့ နှစ်ယောက်တည်း
ဒီလမ်းမရဲ့ တစ်နေရာမှာ လူတွေအကုန်လုံး ၀ိုင်းကြည့်လည်း
ဒီလောကမှာမင်းကို အချစ်ဆုံး မင်းစိတ်တိုင်းကျကိုယ့်ရဲ့ဘဝ
မင်းရဲ့စိတ်နဲ့ ကိုယ့်ရဲ့ကိုယ်ပဲ ဒါတွေအားလုံးဟာ အချစ်ကြောင့်ပဲ
ကိုယ်မလိုချင်တာမင်းရဲ့အမုန်း မဖြစ်စေနဲ့ ဒီအမုန်း
လောကကြီးမှာ မလိုအပ်ဆုံး မင်းဆီမှာ မထားနဲ့ အချစ်ဆုံး

တိမ်လိုတွယ်ရာမဲ့စွာနဲ့ လေနှင်ရာကိုလွှင့်ပစ်ခဲ့
အချစ်လေး မင်းမရှိတော့လဲ ကိုယ့်တစ်ယောက်တည်း.. (တစ်ယောက်တည်း.. တစ်ယောက်တည်း...)
မရေရာနိုင်တဲ့ လမ်းတွေထဲ ဟိုး.. သေချာတာတွေ ဝေးသွားခဲ့
အချစ်လေး အလွမ်းများစွာနဲ့ ကိုယ့်တစ်ယောက်တည်း...

စတွေ့မိတော့ ဒုက္ခ ချစ်တယ်ဆိုတော့ အနှုတ်ပြ
မေ့လို့မရနိုင် အိပ်မက်များခဲ့ ရင်မှာတွေးတဲ့ ဝေဒနာများတယ်
ဒါတွေကြောင့်ပဲ ငါ့မှာမူးတယ် ဒါတွေကြောင့်ပဲ အားလုံးပြောတယ်
ဖွင့်ပြောလိုက်တော့ မင်းကိုချစ်တဲ့အကြောင်း အချိန်မစွဲနဲ့
နောက်တစ်ယောက်ဖြစ်သွားမယ် နောက်ထပ်ရှိဖို့ဖြစ်မယ် ငါ့ကိုပြောတယ်
မိန်းကလေးစိတ်ကအပြောင်းအလဲမြန်တယ် ငါ့ကိုချစ်တော့ ငါထပ်ပြောတယ်
မင်းကိုချစ်တာ ကျေးဇူးတင် စိတ်မဆိုးချင်တော့ ထပ်ပြောချင်
ဘာထပ်ပြောမလဲ မင်းသိပါတယ် ကမ္ဘာကြီးလုံးတာဘယ်သူ့ကြောင့်လဲဟင်...

မင်းစတဲ့ ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ဟာ ဘယ်လိုလဲ အဆွေးများနဲ့ ကိုယ်တစ်ယောက်တည်းလား
မင်းစတဲ့ ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ဟာ ဘယ်လိုလဲ အဆွေးများနဲ့ ကိုယ်တစ်ယောက်တည်းလား

မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ်ပဲ
မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ့်ရဲ့ကိုယ်
မင်းအမုန်းများအောက်မှာ ကျဆုံးခဲ့တယ်.. ရက်စက်မှကြေကွဲ...
မင်းတောင့်တလိုက်ရင် သေဆုံးဝံ့တယ်... မင်းစိတ်နဲ့ ကိုယ့်ရဲ့ကိုယ်ပဲ...

Labels: , , , , , ,

ငါ့အပြစ်မဟုတ်ဘူး - Theory

SPoT-ers

SPoT FM




ငါ့အချစ်တွေမင်းကို ပေးလို့ထား
မင်းကငါ့အချစ်ကို ကလေးလိုကစား
လိုက်လေဝေးလေ ပြေးထွက်သွား
ငါလိုမှမင်းက အဝေးကိုသွား
နီးရက်နဲ့ဝေးရတာ ငါ့ကြောင့်လား
အရှောင်အတိမ်းကောင်းလွန်းတဲ့ မင်းကြောင့်လား
ငါစိတ်ညစ်ပြီး ဇာတ်လမ်းတွေများ
ပြေးရတာမော ဒီတော့မင်းရပ်နား
ဇာတ်လမ်းပြန်စ ချစ်နေကြ
ငါ့စိတ်မှာ မင်းကိုငြင်းလို့မရ
ဒီအချိန်ကြမှ မင်းသိသွား
ငါ့ဇာတ်လမ်းဟောင်းတွေကို မင်းပြန်ကြား
ငါ့ဘက်က မင်းကိုဘယ်လိုချစ်ချစ်
ဖြစ်ခဲ့သမျှ ငါ့ဘက်ကပြင်လို့ မဖြစ်
ငါကတော့မေ့လိုက်ပြီအရင်ကအချစ်
ငါ့ကိုချစ်ရင် နင်လဲမေ့ပစ်

CHO: ရည်းစားဟောင်းနဲ့ကွဲခဲ့ရတာ ငါ့အပြစ်မဟုတ်ဘူး
သူကပြတ်လို့နောက်တစ်ယောက်ထားတာ ငါ့အပြစ်မဟုတ်ဘူး
သစ္စာမရှိတဲ့သူတို့ကြောင့်ဖြစ်တာ ငါ့အပြစ်မဟုတ်ဘူး
မကျေနပ်ရင် လာမပြောနဲ့ ငါ့အပြစ်မဟုတ်ဘူး

ရည်းစားဟောင်းရဲ့နာမည်တွေကို မမေ့ပါနဲ့
ငါ့ဦးနှောက်ကတစ်ခါတစ်လေပြီးရင် မေ့မှာပဲ
ထင်ရာမြင်ရာလျှောက်ပြီးလည်း မတွေးပါနဲ့
ငါရင်ထဲမှာ မင်းကိုချစ်တာပဲ
ကိုယ်အတူနေချင်တာက မင်းလေးနဲ့
သက်သေပြမယ်မင်းကို သီချင်းလေးနဲ့
ယုံပါအချစ်ရယ် မင်းကိုချစ်တယ်
ရင်မှာအချစ်တွေက မင်းအတွက်ရှိတယ်
အချိန်မှန်မှန်စိတ်တွေကောက် စိတ်ဓါတ်ကျတယ်
ဘာတွေဖြစ်နေလဲ ပြောစမ်းအချစ်ရယ်
မင်းကိုပြောမယ် နားထောင်စမ်းကွယ်
ဘေးစကားကို ယုံစားဒေါသထွက်သလား
ကိုယ့်စကားကိုယုံဦး မင်းကိုအချစ်ဆုံး
မယုံဘူးလားဖြစ်တယ် စုံစမ်းလိုက်ရတယ်
ငါ့အတွက်တော့အောက်တယ် မကျေနပ်ရင်ဖြတ်ကွယ်

CHO:

ဒီစကားတွေပြောတာ မင်းကိုချစ်လို့
ကိုယ့်ရဲ့အနားမှာ မင်းမရှိရင်မဖြစ်လို့
ဟုတ်ရဲ့လားဆိုတဲ့ အကြည့်နဲ့ မကြည့်နဲ့
ပြောတဲ့စကားတိုင်းဟာ အစစ်တွေပဲ
ဘာလိုချင်လဲအချစ်ရယ် ကိုယ့်ကိုပြော
ငိုမနေနဲ့အချစ်ရယ် မျက်ရည်သုတ်
ကိုယ်လုပ်ခဲ့သမျှ အားလုံးက မင်းပျော်ဖို့
အပြင်ထွက်လည်တာက မင်းခေါ်လို့
ဘယ်လိုလဲ
ငါပြောတာကိုယုံမလား
မင်းသူငယ်ချင်းပြောတဲ့ စကားတွေကို ယုံမလား
ရည်းစားဟောင်းကြောင့် စိတ်ကောက်ပြီး
စိတ်ကောက်ပြီးရင်လည်း မပြီးတော့ဘုး
သူတို့အကြောင်း ငါ့ခေါင်းထဲမှာလုံးဝမရှိ
မယုံရင်မေးကြည့် အားလုံးသိ
ဘေးပြောတဲ့စကားတွေကို မင်းယုံမလား
ငါ့ရင်ထဲမှာဘာတွေရှိလဲ မင်းသိမလား

CHO:

Labels: , ,