Rap N Roll - R ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကြီး



မြန်မာနိုင်ငံရဲ့ Music Genre တွေထဲမှာ တော်တော်ရှားတဲ့ Rap Dance Genre ထဲက သီချင်းကောင်းတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်.. လူတိုင်းလိုလို သီချင်းကြားပြီးတာနဲ့ မြန်မာ Music ရဲ့ ဆရာတစ်ဆူ - ကိုမျိုးကျော့မြိုင်ရဲ့ လက်ထွက်ဆိုတာတော့ သိမှာပါ... အချစ်ရှိသောနေ့စွဲများ စီးရီးထဲကပါ။


ဟေ့အိပ်မက်ဟောင်းထဲက စွဲလန့်နှိုး
အမြဲမင်းရဲ့ညတွေ ကိုယ့်ရဲ့ညတွေ အသစ်ဖြစ်တုန်း
တို့အားလုံးရောက်မဲ့မနက်ခင်းတစ်ခု
စိတ်တွေဟောင်းနွမ်းခြင်းနဲ့ ကျဆုံးတဲ့ နေရာမဟုတ်ဘူး
အတွေးအခေါ်အဟောင်းများကို ဘေးဖယ်ထား
ပြောင်းလဲခြင်းတရားဆိုတာ ကြောက်နေလား
တို့သွားမယ့်လမ်းက ....လမ်းခွဲများ
စိတ်ဓါတ်တွေ အမြင့်ဆုံးထား ခရီးဆက်သွား..

ပင်လယ်ပြင်ကိုကျော်ဖြတ် စိတ်ဓါတ်မျိုးရှိတုန်း
တောင်တွေကိုလေဖြတ်သန်း အားလုံးသွားစို့..
အတူတူဆိုမယ် ဒီည အားလုံး Rap N Roll..
အတူတူပျော်မယ် ဒီည အားလုံး Rap N Roll...

Rap Rap Rap N Roll... Hey..
Everybody Rap N Roll.. Hey..

အတွေးသစ်တစ်ဆဆ မွေးဖွားလာကြ
ပတ်ဝန်းကျင်အနှောက်အယှက် ရှင်းကာထား
နာရီသံတွေ လည်နေတာကို ရပ်ကြည့်မလား
ဆိုမယ်တီးမယ်ကမယ် အားလုံးရဲ့ဒီည
Rock အော်မလား Rap လုပ်မလား
တို့အားလုံးနဲ့အတူတူ ........
မကျိုးပဲ့ဘူး မပျက်ဆီးဘူး ပြုတ်မကျဘူး သရုပ်မပျက်ဘူး...

Labels: , , , ,

Post a Comment