Unknown - ထူးအိမ်သင်



ပြန်မလာတော့ဘူးကွယ် ကိုယ်ထွက်သွားတော့မယ်
ကြင်နာသူနဲ့ ဝေးရာ အဝေး အဝေး... အဝေး....
နှလုံးသားက နာကြင်စွာနဲ့ နောက်ဆုံးနှုတ်ဆက်ခဲ့တယ်

ကိုယ်အလိုချင်ခဲ့ဆုံးအရာ ဘ၀မှာ ချစ်ခြင်းမေတ္တာ
ဘ၀မှာ ရယူပိုင်ဆိုင်ခွင့်မရှိတော့ အဆွေး.. ဆွေး..
မမေ့တတ်ခဲ့သူသာ ရင်ထဲ... တမ်းတနေမယ်

ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း ကိုယ့်ဘ၀မှာ
ဖျောက်ဖြတ်မရတဲ့ အမှားများ
မျှော်လင့်ရင်း ဆုံးရှုံးရင်း ကိုယ့်ဘ၀မှာ
ဒါဏ်ရာတွေပြည့်နှပ်ခဲ့....... ကြေကွဲ......

မဆုံနိုင်တော့ဘူးကွယ် မင်းကို ကိုယ်ချစ်ခဲ့တယ်
တို့ရင်ခုန်သံများ အဝေးမှာ ဝေးမြဲ.. ဝေးဆဲ... အေးခဲ
ရက်စက်တဲ့ ကံကြမ္မာကိုပဲ သိပ်စိတ်နာတယ်

ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း ကိုယ့်ဘ၀မှာ
ဖျောက်ဖြတ်မရတဲ့ အမှားများ
မျှော်လင့်ရင်း ဆုံးရှုံးရင်း ကိုယ့်ဘ၀မှာ
ဒါဏ်ရာတွေပြည့်နှပ်ခဲ့....... ကြေကွဲ......
ကိုယ့်ရင်ထဲ......

ပြန်မဆုံနိုင်တော့ဘူးကွယ် မင်းကို ကိုယ်ချစ်ခဲ့လည်း...
တို့ရင်ခုန်သံများ အဝေးမှာ ဝေးမြဲ.. ဝေးဆဲ... အေးခဲ
ရက်စက်တဲ့ ကံတရားလည်း ကိုယ်သိပ်နာကျည်းတယ်
နောက်ဆုံးနှုတ်ဆက်ခဲ့ပါတယ်... အချစ်ရယ်
ကိုယ်သွားပြီကွယ်....

ဝေး.............

Labels: ,

Post a Comment