သေချာပြီနင်တစ်ယောက်တည်း - သီရိဆွေ


powered by ODEO

LaLaLaLa.. LaLaLaLa.. La...
ရင်ခုန်သံတွေကြားတယ် နင်ဘယ်လိုပြုစားတယ်
သေချာပြီ တစ်ယောက်ထဲ
အိပ်မက်တွေထဲ စိတ်ကူးတွေထဲ ဘယ်သူရောက်နေလဲ
နှောင်ဖွဲ့နေတဲ့ ဒီမျက်ဝန်းရယ် ဒီစိတ်ထဲ စိတ်ထဲ ဟိုး.....

ဘယ်ကိုငေးကြည့်ရင်လည်း ဘာကိုတွေးကြည့်ရင်လည်း
နေရာတကာ မင်းအရိပ်တွေပဲ လှမ်းမြင်လားမပြောတတ်တယ်
ဘာကြောင့်မှန်းမသိနိုင်ပဲ မလိုအပ်ဘူး တွေးပြန်လဲ
ဟန်ဆောင်လို့မရနိုင်ပဲ မင်းတကယ်ပဲဆွံ့အ စေခဲ့

ရင်ခုန်သံတွေကြားတယ် နင်ဘယ်လိုပြုစားတယ်
မပျောက်ပျက်မဲ့ နေရာလေးချန်ထားတယ်
ရင်ခုန်သံတွေကြားတယ် နင်ဘယ်လိုပြုစားသလဲ.....
သေချာပြီနင်တစ်ယောက်တည်း...
အိပ်မက်တွေထဲ စိတ်ကူးတွေထဲ ဘယ်သူရောက်နေလဲ
နှောင်ဖွဲ့နေတဲ့ ဒီမျက်ဝန်းရယ် ဒီစိတ်ထဲ စိတ်ထဲ...

ရင်မဆိုင်တွေးပေမယ့် မနေနိုင်ဘူး ကိုယ့်တစ်ယောက်ထဲ
အရာရာစိုးမိုးနေလည်း မင်းအကြည့်များ ရူးလောက်တယ်
ချန်မထားခဲ့ပါနဲ့ နင်စိတ်ပြောင်းခဲ့ရင်လည်း နာကြင်မဲ့အရှုံးတွေနဲ့
မျက်ရည်တို့ မကျပါရစေနဲ့

ရင်ခုန်သံတွေကြားတယ် နင်ဘယ်လိုပြုစားတယ်
မပျောက်ပျက်မဲ့ နေရာလေးချန်ထားတယ်
ရင်ခုန်သံတွေကြားတယ် နင်ဘယ်လိုပြုစားသလဲ...
သေချာပြီနင်တစ်ယောက်တည်း...
အိပ်မက်တွေထဲ စိတ်ကူးတွေထဲ ဘယ်သူရောက်နေလဲ
နှောင်ဖွဲ့နေတဲ့ ဒီမျက်ဝန်းရယ် ဒီစိတ်ထဲ စိတ်ထဲ...

Labels: , ,

Post a Comment