ရင်ခုန်သံတွေတောင် မမှန်နိုင်တော့တယ်
တို့နှစ်ယောက်အချစ်က ထူးဆန်းလို့နေလား
အရာအားလုံးတဲ့ မင်းတစ်ယောက်ထဲကို
လိုချင်နေမိတာ ကိုယ့်ဘ၀ထက်မြတ်နိုး သိပ်ချစ်ရသူမို့
ယုံကြည်ခဲ့တဲ့နေ့ရက်များ တစ်ခါပြန်ပြီး မရတော့တဲ့အချိန်မှာ
အတိတ်တွေရင်ထဲ အိပ်မက်ဖြစ်နေလား
အရင်လိုအနမ်းလေးများလည်း မရတော့တဲ့အခါ တစ်ယောက်ထဲရူး
မင်းမရှိရင် မနေနိုင်တော့တာ
တကယ်ဆိုမင်းမရှိတဲ့အခါ ကိုယ်ပဲလွမ်းတာ
ငါတကယ်မင်းမရှိတော့ရင် ဘာလုပ်ရမှာလဲ
တကယ်ဆိုမင်းမရှိတဲ့နေရာမှာ မနေတတ်တော့တာ
မှားများမှားနေလား အချစ်ရာ
အမှန်တွေကိုတောင် မမြင်နိုင်ဘူးကွယ်
အချစ်ရဲ့နွံထဲ ရုန်းခဲ့မိသူပါ
အရာအားလုံးတဲ့ မင်းတစ်ယောက်ထဲကို
လိုချင်နေမိလို့ ကိုယ့်ဘ၀ထက်မြတ်နိုး သိပ်ချစ်ရသူမို့
ယုံကြည်ခဲ့တဲ့နေ့ရက်များ တစ်ခါပြန်ပြီး မရတော့တဲ့အချိန်မှာ
အတိတ်တွေရင်ထဲ အိပ်မက်ဖြစ်နေလား
အရင်လိုအနမ်းလေးများလည်း မရတော့တဲ့အခါ တစ်ယောက်ထဲရူး
မင်းနဲ့ဝေးရင် မနေနိုင်တော့တာ
တကယ်ဆိုမင်းမရှိတဲ့အခါ ကိုယ်ပဲလွမ်းတာ
ငါတကယ်မင်းမရှိတော့ရင် ဘာလုပ်ရမှာလဲ
တကယ်ဆိုမင်းမရှိတဲ့နေရာမှာ မနေတတ်တော့တာ
မှားများမှားနေလား အချစ်ရာ
မှားလည်းမှားပါစေတော့ အချစ်လေး....
Labels: Alex, Blues, Pop