ဒီ site ကို ဘာမှမတင်ပဲထားခဲ့တာကြာပေမယ့်လည်း တချို့တချို့သော visitor တွေ ရဲ့တောင်းဆိုချက်အရ အခု ပြန်လည်တင်နိုင်အောင် ကြိုးစား တင်သွားမှာ ဖြစ်ပါတယ်။ ဒီ့အပြင် ဒီ site ကို ကျွန်တော်တစ်ယောက်ထဲ မလုပ်တော့ပဲ contributor များနဲ့ ပူးပေါင်းကာ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် လုပ်လိုပါတယ်။ ဒါ့ကြောင့် contribute လုပ်လိုသူများ ကျွန်တော့်ကို ဆက်သွယ်နိုင်ပါကြောင်း။
အခု ပြန်စဖွင့်လိုက်တဲ့ သီချင်းလေးကတော့ ကျွန်တော့် သူငယ်ချင်း ညီလေးတစ်ယောက် နားထောင်ဖြစ်တဲ့ နောနော်ရဲ့ အတိုင်းထက်အလွန်ပေါ့။ လူတိုင်းလည်း ကြိုက်ကြ နားထောင်ကြတဲ့ သီချင်းလေးဖြစ်မှာပါ။ ကဲ နားထောင်ကြည့်လိုက်ပါဦး။
အိပ်လို့မရဘူး မျက်လုံးတွေ မှိတ်သေးဘူး
မြင်နေတယ်အခုထိ မင်းရဲ့ နှုတ်ခမ်းပါလေးပဲမြင်ယောင်ရင်း
လွဲလို့မရဘူး အာရုံက ဒီစက်ကွင်းထဲ
အချိန်ခါတွေ မနည်းဘူး အခုထိ မင်းအကြောင်းစဉ်းစားကာနေတုန်း
ဒီလိုညတိုင်း ငါနဲ့မင်း အတူနေခွင့်ရှိရင်...
အတိုင်းထက်အလွန်ပဲ...
ဒီလိုညတိုင်း ငါနဲ့မင်း အတူဆုံခွင့်ရှိရင်...
အတိုင်းထက်အလွန်ပဲ...
ငါ့အတွက်တော့...
စိတ်နဲ့ကိုယ်နဲ့ မကပ်တာ အိုမင်းကြောင့်
ဘယ်အခြေအနေရောက်ရောက် အတွေးထဲ မင်းပဲ ရောက်ရောက်လာနေတယ်
ခွင့်ပြုပါနော် ငါမင်းဆီလာခဲ့မယ်
အချိန်တွေတိုင်းပဲ ငါ့စိတ်က မင်းအနားရောက်ရောက်လာနေတယ်
ဒီလိုညတိုင်း ငါနဲ့မင်း အတူနေခွင့်ရှိရင်...
အတိုင်းထက်အလွန်ပဲ...
ဒီလိုညတိုင်း ငါနဲ့မင်း အိုဆုံတွေ့ဖြစ်ရင်...
အတိုင်းထက်အလွန်ပဲ...
ဒီလိုညတိုင်း ငါနဲ့မင်း အတူနေခွင့်ရှိရင်...
အတိုင်းထက်အလွန်ပဲ...
ဒီလိုညတိုင်း ငါနဲ့မင်း အိုဆုံတွေ့ဖြစ်ရင်...
အတိုင်းထက်အလွန်ပဲ...
ငါ့အတွက်တော့......
Labels: Blues, NorNaw