မင်းသိဖို့ကောင်းတယ် - မျိုးကြီး


ဒီရက်ပိုင်း သီချင်းသစ်တွေ တင်တာလည်းများပြီလေ.. ဒါနဲ့ သီချင်းဟောင်းလေးတင်မယ် စဉ်းစားတုန်း ဒီသီချင်းလေး နားထောင်ချင်တယ်ဆိုတဲ့ လွမ်းနေတဲ့ အစ်မတစ်ယောက်အတွက်ပေါ့ဗျာ။ မျိုးကြီးရဲ့ မင်းသိဖို့ကောင်းတယ် သီချင်းလေးပေါ့။ နားထောင် လိုက်ပါဦး။


ကန်တော်ကြီး အင်းယားလည်း မသွားချင် ကိုယ်လေမသွားဘူး
ပြန်မြင်ယောင်ကာ ဆွေးနိုင်တယ်
နှစ်ယောက်သားသွားဘူးတဲ့ ဘုရားပေါ်မှာ ခိုလေးများ
ကိုယ်လာရင် မေးငေါ့ကြမလား

အကြောင်းအမျိုးမျိုးရှိလို့ ကိုယ်ငြင်းရခက်တော့
စင်ပေါ်တက်ရတဲ့ အခိုက်အတန့်လေး...
ထိုင်နေကျရှေ့က မင်းရှိရာခုံလေးသို့
ကိုယ်အရင်လို မကြည့်ဝံ့ဘူး...

မင်း... သိဖို့ကောင်းတယ်
စွဲမိတဲ့ မင်းရဲ့အပြုံးလေးတွေ
ချိုသာတဲ့စကားများ ပျောက်ကွယ်ရင်မနေတတ်လို့
ယောင်ချာချာ ဖြစ်ခဲ့ရ

အဖော်တွေကောင်းပေမယ့်လည်း ခဏလေးစိတ်ပြေရုံပဲရှိ
နေသာတယ် မထင်နဲ့ကွယ်
ကိုယ်တစ်ယောက်တည်း မသွားရဲဘူး အရင်လိုအင်အားမရှိ
ဘယ်ရုံမှာဘာကားပြ

သတိရလို့ ဆွေးရမယ့် ကိုယ့်အဖြစ်များ
မင်းမပါတဲ့ကိုယ့်ဘ၀များ
အိပ်မက်လေးမက်ဖို့ ကြောက်မိတယ် ပြန်စဉ်းစား
ဒီလူကိုထားသွားမလား

မင်း... သိဖို့ကောင်းတယ်
စွဲမိတဲ့ မင်းရဲ့အပြုံးလေးတွေ
ချိုသာတဲ့ စကားများ ပျောက်ကွယ်ရင် မနေတတ်လို့
ယောင်ချာချာဖြစ်ခဲ့ရ

Labels: , ,

Post a Comment